ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဉက္ကဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသုများနှင့်အတူ ယနေ့နက်ပိုင်းက တွံတေးမြို့နယ်၊ တလုတ္တော်ကျေးရွာအနီး မွေးမြူရေးအထူးဇုန်သို့ သွားရောက်၍ မွေးမြူရေးဇုန် (၁) အတွင်း ငါးကန်များ တူးဖော်ထားရှိမှု ဆိတ်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးနေမှု နေဗီယာ မြက်ခင်းစိုက်ပျိုးထားရှိမှု၊ Golden Gate Global Myanmar Pte. Co.,Ltd. မှ အသားစားကြက် (Hyline Brown) အမျိုးအစား မွေးမြူထားရှိမှု၊ ဦးဝင်းသီဟမောင်နှင့် ရွှေထူးမင်းကုမ္ပဏီလီမိတက်တို့မှ မွေးမြူထားရှိသည့် ဆိတ်မွေးမြူရေးခြံများနှင့် မွေးမြူရေးဇုန် (၂) ရာဘာခြံအတွင်း မြန်မာကြက်မွေးမြူနိုင်ရန် မြေနေရာဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီးလို အပ်သည်များ မှာကြားသည်။
အဆိုပါ မွေးမြူရေးအထူးဇုန်၊ ဇုန် (၁) အတွင်းတွင် ဆိတ်အကောင်ရေ (၅၅၄) ကောင်၊ ကြက်အကောင်ရေ (၁၀၅၀၀)၊ ဘဲအကောင်ရေ (၂၀၀၀)၊ မွေးမြူထားရှိပြီး ကျန်ရှိသည့် မွေးမြူရေး လုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ၌ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန) မှ ဆောင်ရွက် ထားရှိသည့် မွေးမြူရေး ဘဲအကောင် ၁၀၀၀ နှင့်ဝက်ကောင်ရေ ၆၀ မွေးမြူထားရှိမှု၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ၈ ရပ်ကွက်၊ မကွေးလမ်းရှိ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ကွန်ကရိဖျော်စက်ရုံသို့ သွားရောက်၍ စက်ရုံဝင်းအတွင်း ဉစားကြက်အကောင်ရေ (၁၀၀၀) မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်