တွံတေး         စက်တင်ဘာ        ၉

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ခရီးသွား ပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို နေအိမ်ပြင်ပထွက်တိုင်း တပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign)ကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက လူစည်ကားရာနေရာဖြစ်သော ဗိုလ်မှူးစိန်လွင်လမ်း၊ နာရီစင်အဝိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းတို့မှ အင်အား ၃၀ ဖြင့် ဈေးဝယ်၊ ဈေးရောင်းသူများ၊ လမ်းသွား လမ်းလာများ၊ ခရီးသွားပြည်သူများအား စနစ်တကျ Mask တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ပြီး Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

တွံတေးသား