တွံတေး        ဧပြီ     ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် နှစ်သစ်အခါသမယဖြစ်သည့် မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တွံတေးတူးမြောင်းအတွင်း ငါးလွှတ်ပွဲကို ဧပြီ ၁၇ ရက် နံနက် ၇ နာရီခွဲက ဧရာဝတီသင်္ဘောဆိပ်၊ ဆိပ်ခံဗောတံတား၌ ကျင်းပကြောင်း သိရသည်။

 

အဆိုပါငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မြင့်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇာနည်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တွံတေးငါးလုပ်ငန်းစခန်းမှ စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက တွံတေးတူးမြောင်းအတွင်းသို့ ငါးခုံးမအကောင်ရေ (၁၅၀၀၀၀)ကို ကုသိုလ်ပြု ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား