တွံတေး စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် တွံတေးတူးမြောင်းအတွင်းရှိ ကျေးရွာများနှင့် ထိစပ်မြို့နယ်များသို့ ပြေးဆွဲနေသော အော်တာစက်လှေများနှင့် ပဲ့ထောင်ရေယာဉ်များ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ ယာဉ်လိုင်စင် ရှိ မရှိ၊ ယာဉ်လိုင်စင်အမှတ်အား ထင်သာမြင်သာ ရေးဆွဲထားခြင်းရှိ မရှိ စစ်ဆေးခြင်းကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက တွံတေးဆိပ်ခံ ဘောတံတားအသစ်၌ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ကာ ခရီးသည်များအား နှာခေါင်းစည်း (mask) တပ်ဆင်ရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
တွံတေးသား