တန့်ယန်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်တရားရုံး ရုံးသစ်ဖွင့်ပွဲကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်သူဝင်း၊ တန့်ယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့် ခရိုင်တရားသူကြီး ဦးသိန်းဆွေဦးတို့က တန့်ယန်းခရိုင် တရားရုံးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ခရိုင်တရားရုံးသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)