တန့်ယန်း ၂၇ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေလျှက်ရှိကြသော ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းကျန်းမာရေး လုပ်ငန်းများကို ကျောင်းဖွင့်ချိန်မှ စတင်၍ ကွင်းဆင်းစစ်ဆေးနေလျှက်ရှိရာ ဇွန် ၂၇ ရက်က အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကျော်စွာထွန်း နှင့် ဆရာဝန်၊ ဆရာမများက တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ အမှိုက်၊ ယင်လုံအိမ်သာသန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ခြင်၊ ယင် အစရှိသည့် ပိုးလောက်လန်းနှိမ်နင်းရေး၊ ကျန်းမာရေး အသိပညာဗဟုသုတ အသိပညာပေးခြင်းနှင့် အစားအသောက်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် ကျောင်း ဈေးဆိုင်များစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြရာ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ယုယုလှိုင်နှင့် ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


