တန့်ယန်း ဧပြီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အတက်နေ့နေ့ ယနေ့တွင် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
အဆိုပါ အတာသင်္ကြန်ပွဲတော်၌ ယိမ်းအကအဖွဲ့များနှင့် ပါဝင်ဆင်နွှဲကြသူများအား သင်္ကြန်ရေပက်ဖြန်းကာ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးပြီး ယိမ်းအဖွဲ့များက အကအလှများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြသည်။
မင်းလွင်ဦး(ပြန်/ဆက်)