တန့်ယန်း ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရုံးသစ်ဖွင့်ပွဲကို သြဂုတ် ၅ ရက် နံနက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝေလွင်ထွန်းက တန့်ယန်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဖွင့်လှစ်ခြင်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး အမှတ်(၈) တပ်မတော် တန့်မြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မြင့်ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်၊ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်း၊ တန့်ယန်းခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့မိမြို့ဖ ဦးစိုင်းဆန်စိန်တို့က တန့်ယန်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)