တပ်ကုန်း ၂၉ ဩဂုတ်
နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးများကို ၄၆၄၄၅ ဧက လျာထားစိုက်ပျိုးပြီး ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေများကို ဆင်သေဆည်၊ ကင်းသာဆည်၊ မုန်ရေထိန်းတမံ၊ ချောင်းပိတ်၊ မြောင်းပိတ်နှင့် မိုးရေများအား အကျိုးရှိစွာအသုံးပြုကာ ကောက်စိုက်စက်၊ ကောက်စိုက်သမားစိုက်ပျိုးခြင်းနှင့် ကြဲပက်စနစ်များ အလျင်းသင့်သလို စိုက်ပျိုးကြသည်။
တပ်ကုန်းမြို့နယ်တွင် မိုးစပါးကို ဆင်းသုခ၊ ပုလဲသွယ်၊ မနောသုခ စပါးမျိုးများ အဓိကစိုက်ပျိုး ကြပြီး၊ မိုးစပါးစိုက်ဧက ၃၂၄၁ဝ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ သိရသည်။
တင်စိုးလွင် ပြန်ဆက်


