မိုင်းယောင်း ၂၇ ဇွန်


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု ရှေခင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အမှတ်(၃) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းနေလွင် ဦးစီးသည့် အမှတ်(၃၃၅)ခြေမြန်တပ်ရင်းမှ တပ်မတော် နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ဇွန် ၂၆ ရက်က ရှေခင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

1

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၁၃၈ ဦး၊ ပြည်သူ့စစ်အဖွဲ့ဝင် ၉၀ ဦးနှင့် ဒေသခံပြည်သူ ၉၄ ဦးတို့ကို အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ လေးဖက်နာရောဂါ၊ သားဖွားမီးယပ်ရောဂါနှင့် အထွေထွေအားနည်းရောဂါ စသည့် ရောဂါများကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်း၊ ဆေးရုံတက်ရောက်ရန် လိုအပ်သူများကို မိုင်းဖြတ်မြို့ရှိ ကုတင် ၁၀ဝ ဆံ့ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 

1