နေပြည်တော် ၁၃ မေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တရုတ်နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဆောင်ရွက်ရမည့် အခြေအနေ၊ နယ်စပ်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်မှု၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် အကျိုးပြုမည့် စီမံကိန်း လုပ်ငန်းများပါဝင်နေသည့် အခြေအနေ၊ ရခိုင်ပြည်နယ်အရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှုနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)
