ဒဂုံ ၃၀ မေ
High Life Expo (2019) အရောင်းပြခန်းဖွင့်လှစ်မှုကို Creation Strength ကုမ္ပဏီမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ကုမ္ပဏီ(၆၀)ကျော်တို့မှ ဆိုင်ခန်းပေါင်း(၁၂၀)တို့ဖြင့် ယနေ့ နံနက် ၉နာရီက စတင်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါအရောင်းပြခန်းတွင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အိမ်တွင်းအလှဆင် Home Decoration များ၊ ကုမ္ပဏီများဟိုတယ်များ အသုံးပြုသည့် Furniture များ၊ စားသောက်ကုန်များ၊ လျှပ်စစ်အသုံး အဆောင်ပစ္စည်းများ၊ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်အထည်များအပြင် တိုက်ခန်းပုံစံငယ်အရောင်ပြခန်း နှင့် Car Show Roomကိုပါ တွဲဖက်ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယင်းအရောင်းပြခန်း ဖွင့်လှစ်မှုကို မေ၃၀ရက်မှစတင်ကာ ဇွန်၂ရက်နေ့ထိနေ့စဉ် နံနက်၉နာရီမှ ညနေ၆နာရီထိ မည်သူမဆို အခမဲ့လေ့လာကြည့်ရှု ဝယ်ယူနိုင်ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)
