ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁၂၀ /၂၀၂၀ )
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက် )
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အစားထိုးပြောင်းလဲခြင်း
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၉.၆.၂၀၁၇ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ်(၁၅/၂၀၁၇)နှင့် ၁၅.၅.၂၀၁၈ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ်(၆၃/၂၀၁၈)တို့တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့အား ယှဉ်တွဲပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၁) ကြည်း ၂၆၈၈၄ အစား ကြည်း ၂၄၉၉၃
ဗိုလ်မှူးကြီး သန်းထွန်းအောင် ဗိုလ်မှူးကြီး ဝင်းတင်စိုး
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
(၂) ကြည်း ၂၇၁၈၉ အစား ကြည်း ၂၁၈၉၇
ဗိုလ်မှူးကြီး အောင်စိုးမိုး ဗိုလ်မှူးကြီး ဝင်းတင်
လှသိန်း
ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


