တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် ၄  စက်တင်ဘာ 

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ရခိုင်ပြည်နယ်အတွင်း ဩဂုတ်လအစောပိုင်းမှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာများတွေ့ရှိမှု များပြားလာသည့်အတွက် တပ်မတော်လေယာဉ်များဖြင့် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြုဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းခဲ့မှု၊  တပ်မတော်အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ပိုမို ထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေ များတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်း ပေးထားမှု၊  ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ ထားသည့်နယ်မြေများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့မှုနှင့် ယင်းကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၉၆ သိန်း ကျော်၊   ICE  ၈၃၅၂ ကီလိုကျော် အပါအဝင် ကာလတန်ဖိုးငွေကျပ် ၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့မှု၊ ရုရှားနိုင်ငံတွင် ကျင်းပနေသည့် International Army Games - 2020 ပြိုင်ပွဲ၏ တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်နေမှု၊    နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွား တော် မြတ်ကြီး၏ ဆင်းတုတော်အစိတ်အပိုင်း(၁)ကို   နေပြည်တော်သို့ ဆက်လက် ပင့်ဆောင် တည် ထား ပူဇော်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများ၏  မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း   တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

သတင်းစဉ်