နေပြည်တော် ၂၇ မေ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြင့်အောင်နှင့် ဦးမြဟန်တို့ပါဝင်သည့် အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးခန်းအမှတ် (၁)၌ ရုံး ထိုင်ပြီးတရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုကို စီရင်ချက်ချမှတ် သည်။
ထို့ပြင် ရာဇဝတ်အထွေထွေလျှောက်ထားမှု (စာချွန်တော်(၁)မှုနှင့် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၄)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)