နေပြည်တော် ဇန်နဝါရီ ၁၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၃/၂၀၂၀ (ဧရာဝတီ)၊ ၂၂/၂၀၂၀ (ရန်ကုန်) နှင့် ၂၄/၂၀၂၀ (ပဲခူး) စုစုပေါင်း တရားမအထူးအယူခံမှု (၃)မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၉၈/ ၂၀၁၉ (စစ်ကိုင်း)၊ ၂၅/၂၀၂၀ (ရှမ်း)၊ ၂၆/၂၀၂၀ (ရှမ်း)၊ ၂၇/၂၀၂၀ (ရန်ကုန်) နှင့် ၃၀/ ၂၀၂၀ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၅)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


