နေပြည်တော် မတ် ၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၉/၂၀၂၀ (စစ်ကိုင်း)၊ ၃၁/၂၀၂၀ (ရခိုင်)၊ ၃၆/၂၀၂၀ (မန္တလေး)၊ ၃၉/၂၀၂၀ (စစ်ကိုင်း) နှင့် ၄၄/၂၀၂၀ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၅)မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၈/၂၀၂၁ (ပဲခူး) နှင့် ၉/၂၀၂၁ (မန္တလေး)၊ တရားမ အထူးအယူခံမှုအမှတ် ၆/၂၀၂၁ (ရန်ကုန်)၊ ၁၄/၂၀၂၁ (မန္တလေး) နှင့် ၂၉/၂၀၂၁ (ရန်ကုန်) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူးအယူခံမှု (၃)မှုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


