နေပြည်တော် နိုဝင်ဘာ ၁၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂၁)လုံးအတွင်းမှ ပိုင်ရှင်မှ ထုတ်ယူ လိုသော ဆန္ဒမရှိသည့် ကုန်ပစ္စည်းများ ဖြစ်သော Textile Materials အထည်အလိပ်(၂၀၅၇၈၅)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၂,၆၄၄,၆၆၅)၊ Textile Fabric Fiber ကီလိုဂရမ် (၁၅၅၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇,၁၁၁,၄၇၅)၊ Trifamox (ပိုးသတ်ဆေး) ဆေးဝါး (၉၈၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၀,၇၂၈,၇၈၂)၊ ဂုံအိတ်နှင့်အိတ်မျိုးစုံ ကုန်ကြမ်းပစ္စည်းကီလိုဂရမ် (၆၀၇၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈,၃၂၇,၉၂၂)၊ ရာဘာစေးထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်း (၁၇၉၂၅)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃,၁၂၄,၆၈၅)နှင့် ဓါတုကုန်ကြမ်းပစ္စည်း Polymers Of Ethylene (၄၅၀၀၀) ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃,၅၇၆,၈၆၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော InnoPlus Linear Low Density Polyethylene (၁၀၀၀)ကီလိုဂရမ်၊ CAMEL Motorcycle Tube (၆၀၀)ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၃၀၀,၀၀၀)၊ Xuemel Monosodium Glutamate (၁၇၅၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၉၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်း၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet ဟင်းသီးဟင်းရွက်ဆီ (၁၈)လီတာပါ (၂၁၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၅,၇၁၄,၃၈၉)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၆,၂၁၄,၃၈၉)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)


