နေပြည်တော်၊ ဇွန် ၁၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်သည့် Nissan AD Station Wagon (၇)စီး၊ Daihatsu Hijet (၆)စီး၊ Honda Fit (၃)စီး၊ Nissan Vanette (၂)စီး နှင့် Mazda Bongo (၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ နမ့်ခမ်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၄)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Floral Foam (၃၅၇) ကီလိုဂရမ်၊ Plastic Spray Head (၁၂၅)ကီလိုဂရမ်၊ Ceramic Tiles (၄၈၀၀)ချပ် အပါအဝင် လူသုံးကုန် ပစ္စည်း(၂၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၇၀၇,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Condor (၁)စီး၊ Hino Ranger Truck (၁)စီး၊ စက်မှုဇုန်ထုတ် Shwe Tu Turck (၁)စီး၊ Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆,၀၀၀,၀၀၀)နှင့် ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Hot Plate (၂၂၀၈)ခု အပါအဝင် လူသုံးကုန်ပစ္စည်း (၈)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈,၂၃၆,၇၃၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mistsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရွှေကျင်စစ်ဆေးရေးစခန်း၌ ဆီသယ်ယာဉ် (၁)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ဂါလန်(၇၈၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆,၂၄၀,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Hino Profia Tractor Head(၁)စီးနှင့် ဆီသယ်နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃,၁၈၃,၇၃၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၂,၁၈၃,၇၃၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)


