နေပြည်တော် ဇန်နဝါရီ ၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၄ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမှရန်ကုန်သို့ သွားရောက်မည့် မော်တော်ယာဉ် များကို စစ်ဆေးခဲ့ရာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ရေနွေးအိုး (၄၀၀)၊ ခန့်မှန်းတန်ဖိုး ငွေကျပ်(၅၈၀,၀၀၀/-)ကို စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်း၍ အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
အလားတူ ဇန်နဝါရီ ၅ ရက်တွင် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုူများ ဆောင်ရွက်နေစဉ် မြဝတီမှရန်ကုန်သို့ သွားရောက်မည့် ယာဉ်များကို စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Speaker (၃၁)ခု ခန့်မှန်းတန်ဖိုး ငွေကျပ် (၄,၆၅၀,၀၀၀/-) လည်းကောင်း၊ ထိုင်းနိုင်ငံထုတ် အမွှေးဆပ်ပြာရည် အထုပ် (၁၀၀) ခန့်မှန်းတန်ဖိုး ငွေကျပ် (၁,၂၀၀,၀၀၀/-) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် (၅,၈၅၀,၀၀၀/-) တွေ့ရှိရသဖြင့် သိမ်းဆည်း၍ အမှုဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။
ထို့အတူ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းအနီးရှိ ရွှေဖြူရာဘာခြံ ရှောင်ကွင်းလမ်းကြားတွင် ယာဉ်တစ်စီးရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မြဝတီ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၇/၆)မိုင်အနီးရှိ လမ်းကြားအတွင်း ရပ်တန့်ထားသော ယာဉ်ပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Dietary Supplement Product (၆)ဖာ၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၇,၈၀၀,၀၀၀/-)ကို စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် MITSUBISHI အမျိုးအစား ကုန်တင်ယာဉ် ခန့်မှန်းတန်ဖိုး ငွေကျပ် (၁၅,၀၀၀,၀၀၀/-) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် (၂၈,၆၅၀,၀၀၀/-) တို့ကို သိမ်းဆည်း၍ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်။
သို့ပါ၍ ဇန်နဝါရီ ၄ ရက်တွင် ဖမ်းဆီးရမိမှု(၁)မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ်(၅၈၀,၀၀၀/-)နှင့် ဇန်နဝါရီ ၅ ရက်တွင် ဖမ်းဆီးရမိမှု (၄)မှု ခန့်မှန်းတန်ဖိုး ငွေကျပ် (၂၈,၆၅၀,၀၀၀) ဖြစ်၍ စုစုပေါင်းဖမ်းဆီးရမိမှု(၅)မှု ခန့်မှန်းတန်ဖိုး ငွေကျပ် (၂၉,၂၃၀,၀၀၀/-) ဖြစ်ပြီး အဆိုပါ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီမှ သိရသည်။
(သတင်းစဉ်)