နေပြည်တော်၊ နိုဝင်ဘာ ၂

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
အောက်တိုဘာ ၃၁ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်၊ ငဖဲ မြို့နယ်၌ တရားမဝင် အခြားသစ် (၀ ဒသမ ၈၈၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၂၃၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၃၁ ရက်တွင် ရခိုင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်တွေ မြို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၅၇)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် 74,660,000)ကိုလည်းကောင်း၊ တောင်ကုတ်မြို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၁၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၇၅0,000)ကို လည်းကောင်း၊ မောင်တောမြို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၆)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၈၄၀,၀၀၀) ကိုလည်းကောင်း၊ သံတွဲမြို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၄၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် 26,580,000) ကိုလည်းကောင်း၊ ကျောက်ဖြူမြို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၂၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်   20,300,000)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈,၁၃၀,၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် နိုဝင်ဘာ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လက်ပံလှ-စဉ့်ကူးယာယီစစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး‌ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုဇွန်နှစ်ကောင် တံဆိပ်ပါ စားအုန်းဆီ (၉၃၆)လီတာ အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၆၈၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် DAF Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၆၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ နိုဝင်ဘာ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမြဝတီမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Carabao Energy Drink အချိုရည် ဘူး (၃၆၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၇၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ နိုဝင်ဘာ ၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိမြို့နယ် အတွင်း၌ တရားမဝင် အခြားသစ် (၄ ဒသမ ၄၆၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂,၅၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁ ရက်တွင် ဝေါမြို့နယ်၊ သပြေကန်ရွာအနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ နိုဝင်ဘာ ၂ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ(၁ ဒသမ ၆၄၂) တန်နှင့် အခြားသစ်(၁.၄၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၂,၅၂၀)ကို သစ်တောဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၂၂,၅၂၀)ကို ဖမ်းဆီးအရေး ယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၅,၁၈၆,၃၃၀)ဖြစ်ကြောင်း     တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)