နေပြည်တော်၊ အောက်တိုဘာ ၂၇

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ ဖားကန့် မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး၊ မန္တလေးမြို့မှ ကသာမြို့သို့ မောင်းနှင်လာ သော မော်တော်ယာဉ်(၁)စီး၊ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်(၂)စီးနှင့် မန္တလေးမြို့မှ မိုးညှင်းမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁) စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုဇွန်နှစ်ကောင်တံဆိပ် စားအုန်းဆီ (၆၆၇၂)လီတာ၊ Soju ပုလင်း(၂၀၀၀) အပါအဝင် ကုန်ပစ္စည်း (၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၂၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၂)စီး၊ Nissan Condor (၁)စီး၊ စက်မှုဇုန်ထုတ် Toe Truck (၁)စီးနှင့် Ngwe Kyairsin Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇,၂၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၅)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Unioleo SN ဆပ်ပြာကုန်ကြမ်း ကီလိုဂရမ်(၁၀၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၇,၂၂၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ်(သွင်းကုန်)၌ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသော ဆေးဝါးများဖြစ်သည့် Ampodox Powder For Oral Suspension အကိုက်အခဲပျောက်ဆေး (၄၈၇၇)ဘူး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၁၄၅,၀၂၀)ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၊ မုပ္ပလင်-စွပ္ပနူး-အင်္ဂဘို ရှောင်ကွင်းလမ်းနှင့် ရန်ကုန်-မော်လမြိုင်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၀ မိုင် ၆ ဖာလုံ နေရာတို့၌  မသင်္ကာဖွယ် ရပ်တန့်ထားသော လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြစ်သည့် Daihatsu Hijet (၁)စီး၊ Honda Fit (၂)စီးနှင့် Nissan X-Trail (၂)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉,၀၀၀,၀၀၀)ကို လည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ် ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Yum Yum ခေါက်ဆွဲ ခြောက်ထုပ်(၆၀၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၁၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၆,၄၆၅,၀၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် အောက်တိုဘာ ၂၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် GX Phone Display (၆၃)ခု အပါအဝင် ကုန်ပစ္စည်း(၂၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၇၀၅,၀၀၀)ကို လည်းကောင်း၊ လားရှိုးမြို့၊ မြို့ရှောင်လမ်းအနီး၌ မူဆယ် မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ရေ‌နွေးအိုး (၁၇၀)လုံး အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၇၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Express (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၄၉၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

 

ထို့အပြင် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သီရိရတနာ ကားဝင်းအတွင်းရှိ ဆိုင်ခန်း(၄)ခု၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်မှု ကုန်ကြမ်း(ဘေထုပ်) (၁၀၃၄)ထုပ် ခန့်မှန်းတန်ဖိုးကျပ်(၁၅၆,၂၈၅,၀၀၀) ကိုလည်းကောင်း၊ အင်းစိန်မြို့နယ်၊ မြဝတီမင်းကြီးလမ်း၊ (၁၀)မိုင်ကုန်း၊ အမှတ်(၁၄၄)ရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်မှုကုန်ကြမ်း (ဘေထုပ်) (၄၈၃)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၇၄,၀၀၀)ကိုလည်းကောင်း၊ B1/15 SRY ဘေထုပ်ရောင်းဝယ်ရေး ဆိုင်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စက်မှုကုန်ကြမ်း (ဘေထုပ်) (၂၂၄)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၂၀၀,၀၀၀)ကိုလည်းကောင်း၊ အင်းစိန် မြို့နယ်ရှိ K Mobile ဖုန်းဆိုင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ်I Phone တံဆိပ်ရိုက်နှိပ်ထားသည့် ဖုန်း(၃၉)လုံးအပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၆၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၉,၁၅၉,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် အောက်တိုဘာ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် အခြားသစ် (၅ ဒသမ ၂၆၆)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၄၇၆,၂၂၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၈)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၄၄,၈၃၅,၂၄၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)