နေပြည်တော်၊ ဒီဇင်ဘာ ၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင် အခြားသစ် (၅ ဒသမ ၁၅၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀,၄၂၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်၌ လိုင်စင်မဲ့ Honda Wave 110 မော်တော်ဆိုင်ကယ်(၁)စီးနှင့် Kenbo Wave 110 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၆၃၀,၄၂၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၉၁၂)တန်၊ အခြားသစ် (၁ ဒသမ ၈၄၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၈၄,၅၄၈)ကိုလည်းကောင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ တရားမဝင် အခြားသစ် (၁ ဒသမ ၀၁၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၂၄,၅၄၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၃၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၈၇၅)တန်နှင့် အခြားသစ် (၁ ဒသမ ၃၁၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ “ဝင်း”အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အသုံးပြုပြီး အဝတ်လျှော်စက် (၁၆)လုံး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၃၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ တရားမဝင် အခြားသစ်(၉ ဒသမ ၀၁၀)တန်၊ တရုတ်နီအင်ဂျင်(၁)လုံး၊ ရေစုပ်စက်(၁)လုံးနှင့် သစ်သားစက်လှေ(၁)စီး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၆၅၁,၅၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၃၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Patozan 20 Tablet အစာအိမ်ရောဂါ ပျောက်ဆေး (၁၈၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၈)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၈၂၃,၅၈၀ )ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၁ ဒသမ ၂၉၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁,၄၄၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ပဲခူးမြို့၊ ကလိ စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၆၆၁,၄၄၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၉ ရက်၊ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၆၃၇,၀၄၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)