နေပြည်တော် ဇန်နဝါရီ ၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ရက်တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးဆောင်သည့်အဖွဲ့က ချင်းရွှေဟော် စခန်းအတွင်း လုံခြုံရေးဂိတ်နှင့် ယာဉ်ငယ်စစ်အကြားနေရာ၌ စစ်ဆေးခဲ့ရာ ယာဉ်အထောက်အထား မှတ်တမ်းတင်ပြနိုင်ခြင်းမရှိသော ယာဉ်ငယ်(၇)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ဖမ်းဆီးရမိခဲ့သည်။

 

ဇန်နဝါရီ ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာနက မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ တရုတ်နိုင်ငံမှတင်သွင်းလာသည့် ဆိုင်ကယ်အပိုပစ္စည်းများကို စစ်ဆေးခဲ့ရာ သွင်းကုန်ကြေငြာ လွှာတွင် ကြေငြာထားခြင်းမရှိသော ဆိုင်ကယ်အပိုပစ္စည်း(၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄,၇၅၀,၀၀၀)၊ လူသုံးကုန်နှင့် အထွေထွေပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၅၁၃,၀၀၀)၊ ခေါင်းလျှော်ရည် (၄ ဒသမ ၅)လီတာပါ (၆)ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၈၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄,၁၄၃,၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ အကောက်ခွန်ဦးစီးဌာနက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်လှောင်ရုံ၌ စစ်ဆေးခဲ့ရာ သွင်းကုန်ကြေငြာလွှာတွင် ဖော်ပြထားခြင်းမရှိသည့် စင်ကာပူနိုင်ငံမှ တင်သွင်းလာသော Samsaung Galaxy 4 Phone (Used) (၆၅)လုံးပါ (၃)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၃၁၀,၇၈၀)ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ်၊ မကျီးဇင်ချောင်းဖျားနေရာတွင် တရားမဝင် တောင်သရက်ခွဲသား (၂ ဒသမ ၇၅၅၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၈,၈၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးနှင့် တောင်ငူခရိုင် သစ်တော ကြိုးဝိုင်းများ အတွင်းရှိ တရားမဝင် ကျွန်းသစ်(၄ ဒသမ ၂၆၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၇,၃၈၀) ကို ဖမ်းဆီး ရမိသည်။

 

ထို့ပြင် ဇန်နဝါရီ ၁၂ ရက်တွင် မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့မှ သံလွင်တံတား(မော်လမြိုင်) စစ်ဆေးရေးဂိတ်နေရာတွင် ခရီး သည်တင်ယာဉ်များပေါ်မှ ပိတ်ဖြတ်စ ကီလိုဂရမ် (၆၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၀,၀၀၀)၊ ကလေး ဝတ်အင်္ကျီအထည်(၃၀၀)နှင့် အဝတ်အထည်ဟောင်း ကီလိုဂရမ် (၃၂၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၁၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

 

ထပ်မံ၍ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် နံပါတ်မပါ LIFAN အမျိုးအစား ထော်လာဂျီယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀) နှင့် Canter အမျိုးအစား (၆) ဘီးယာဉ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၀,၀၀၀) ကို ဖမ်းဆီးရမိသည်။

 

သို့ပါ၍ ဇန်နဝါရီ ၈ ရက်တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ လိုင်စင်မဲ့ယာဉ်(၇)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်းမှ ဆိုင်ကယ်အပိုပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄,၁၄၃,၀၀၀)၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကုန်လှောင်ရုံမှ Samsaung Galaxy 4 Phone (Used) (၆၅)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၃၁၀,၇၈၀)နှင့် မွန်ပြည်နယ်မှ လူသုံးကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၁၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅,၈၆၃,၇၈၀)တို့ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း များအရ လည်းကောင်းဇန်နဝါရီ ၁၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးမှ တောင်သရက်ခွဲသား (၂.၇၅၅၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၈,၈၀၀)နှင့် ယနေ့တွင် ပဲခူးတိုင်းဒေသကြီးမှ  တရားမဝင်ကျွန်းသစ်(၄ ဒသမ ၂၆၄၆)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၇၈၇,၃၈၀)၊ စုစုပေါင်း (၇ ဒသမ ၀၁၉၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၄၇၆,၁၈၀) တို့ကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လိုင်စင်မဲ့ ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၂၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)