ရန်ကုန်၊ သြဂုတ်၂၁

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင် သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန် ကြေညာထားပြီးဖြစ်သည်။

 

ယင်းသို့ကြေညာပြီးနောက် လိုက်နာဆောင်ရွက်မှုမရှိဘဲ တရားမဝင် ဆက်လက်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို စစ်ဆေးဖော်ထုတ် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမမြို့နယ်၊ မင်းဓမ္မလမ်းတစ်လျှောက်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင် သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများ ဖယ်ရှားရှင်းလင်းခြင်းကို သြဂုတ် ၂၀ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ ဝန်ထမ်းများနှင့် တရားဝင်ခွင့်ပြုထားသော ဆက်သွယ်ရေး ကုမ္ပဏီများမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

 

သတင်းစဉ်