ထားဝယ် ၁၃ မေ
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရုံးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် ၁ / ၂၀၁၉ သင်တန်းကို ယနေ့နံနက် ဝ၉:ဝ၀ နာရီ က ထားဝယ်မြို့ ၊တိုင်းဒေသကြီးတရား လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဖွင့်ပွဲတွင်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဦးတင်အောင် က သင်တန်းဖွင့်အမှာစကား ပြောကြားရာ၌ တရားရုံးအဆင့်ဆင့်မှာတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအားလုံး တရားရုံးလုပ်ငန်းများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက် နိုင်သည့်အရည်အချင်းပြည့်မီသူများဖြစ်လာစေရန်နှင့် လုပ်ငန်းအပေါ် တာဝန်သိမှုအသိစိတ်ဓါတ်များတိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၊ သင်တန်းသားများအနေဖြင့်သင်တန်း မှပို့ချပေးသည်များကို စိတ်ပါဝင်စားစွာလေ့လာမှတ်သားစေလိုကြောင်းနှင့် သင်တန်းကာလ ပြီးဆုံးသည်အထိတက်ရောက်ပေးစေလို ကြောင်းပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်း က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးသင်တန်းမှူးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးသီရိခိုင် က သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းမှာကြားသည်။
သင်တန်းတွင် ပြည်သူ့ဆက်ဆံရေး ၊( တရားမ ၊ လူထုဝန်ဆောင်မှု ၊ ရာဇဝတ် ၊ သတင်းမီဒီယာ ၊ ဘီလစ် ၊စီမံ ၊ ငွေစာရင်း၊ရုံးလုပ်ငန်း )ဘာသာရပ် ၊ မဟာဗျူဟာစီမံကိန်း နှင့် အထွေထွေဗဟုသုတများကို မေ ၂၄ ရက်နေ့ အထိသင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။
MDN