နေပြည်တော် ၁၃ မေ
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ တတိယအသုတ် ဆေးပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ရန်ကုန်)ရုံးခန်း၌ ကျင်းပသည်။
ယခုအကြိမ် လှူဒါန်းပေးအပ်သည့် ဆေးပစ္စည်းကိရိယာများတွင် လူဦးရေ ၁ သိန်း ၅ သောင်းအတွက် ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ဓာတ်ခွဲပစ္စည်းနှင့် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (PPE) ၁၈၀၀၀ ပါဝင်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း မြန်မာနိုင်ငံအစိုးရကိုယ်စား လှူဒါန်းပေးအပ်မှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
သတင်းစဉ်


