နေပြည်တော်  ၁၃ မေ

 

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ တတိယအသုတ် ဆေးပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ရန်ကုန်)ရုံးခန်း၌ ကျင်းပသည်။

 

ယခုအကြိမ် လှူဒါန်းပေးအပ်သည့် ဆေးပစ္စည်းကိရိယာများတွင် လူဦးရေ ၁ သိန်း ၅ သောင်းအတွက် ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ဓာတ်ခွဲပစ္စည်းနှင့် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (PPE) ၁၈၀၀၀  ပါဝင်သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း  မြန်မာနိုင်ငံအစိုးရကိုယ်စား လှူဒါန်းပေးအပ်မှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

 

သတင်းစဉ်