ပေကျင်း  ဇွန်  ၁၁

တရုတ်နိုင်ငံသည်  ဇွန် ၁၁ ရက်က ဟိုင်နန်ပြည်နယ်ရှိ  ဝင်ချန်(Wenchang) အာကာသလွှတ်တင်ရေးစခန်းမှ ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။  ပေကျင်းစံတော်ချိန်  ညနေ  ၃ နာရီခွဲတွင်  Long  March-5  ဒုံးပျံဖြင့်  လွှတ်တင်ခဲ့သော အဆိုပါဂြိုဟ်တုသည် သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့  အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။

အဆိုပါဂြိုဟ်တုကို ဆက်သွယ်ရေးနည်းပညာအသစ်များ အထူးသဖြင့် လှိုင်းနှုန်းမျိုးစုံနှင့် မြန်နှုန်းမြင့်ဆက်သွယ်ရေးစနစ်များကို စမ်းသပ်စစ်ဆေးရန် အဓိကအသုံးပြုသွားမည်ဖြစ်သည်။ ယခုလွှတ်တင်မှုသည် Long March ဒုံးပျံများ  အသုံးပြုဆောင်ရွက်ခဲ့သည့်  အကြိမ် ၆၅၀ မြောက် မစ်ရှင်လည်းဖြစ်သည်။

ဆင်ဟွာ