လွယ်ဂျယ် ၁၆ ဇူလိုင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်လာသည့် နေရပ်ပြန်များကို လွယ်ဂျယ်မြို့ နယ်စပ်ဝင် ထွတ်ဂိတ် အမှတ် ၂ တွင်ဧပြီ ၁၆ ရက်နေ့မှ စ၍ တာဝန်ရှိသူများက ကျန်းမာ ရေးစစ်ဆေးမှုများ ပြုလုပ်ပြီး လက်ခံဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်နေ့အထိ ၃ လကျော် အတွင်း လွယ်ဂျယ် နယ်စပ်ဂိတ် တစ်ခုတည်းမှ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အမျိုးသား (၇၈၀၁)ဦး၊ အမျိုးသမီး (၃၄၈၇) ဦး စုစုပေါင်း (၁၁၂၈၈) ဦး ထိဝင်ရောက်ပြီး ဖြစ်ကြောင်း သိရသည်။
ယနေ့တွင်မြစ်ကြီးနားသို့ နေရပ်ပြန် ၂ ဦး၊ မိုးကောင်းမြို့နယ်သို့ နေရပ်ပြန် ၄ ဦး၊ ဖားကန့်မြို့ နယ်သို့ ၂ ဦး ၊ တနိုင်းမြို့နယ်သို့ ၃ ဦး ၊မိုးညှင်းမြို့နယ်သို့ ၁ ဦး၊ ဗန်းမော်ခရိုင် အတွင်းဗန်းမော်မြို့သို့ နေရပ်ပြန် ၁ ဦး ၊ရွှေကူမြို့သို့ ၂ ဦး စုစုပေါင်း ၁၅ ဦးတို့အား မော်တော်ယာဉ်ငယ် ၃ စီးဖြင့် ဗန်းမော် ခရိုင်အတွင်းရှိ နေရပ်ပြန်များကို မိုးမောက်မြို့နယ် ကျောက်စခန်းစုရပ်သို့ လည်းကောင်း၊မြစ်ကြီးနား မိုးညှင်းခရိုင်အတွင်း နေရပ်ပြန်များကို မြစ်ကြီးနားမြို့ စီတာပူကုန်ချစခန်းစု ရပ်သို့လည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးမြို့သို့ နေရပ်ပြန်မည့်သူ ၂ ဦးအား လွယ်ဂျယ်မြို့ Quarntine စောင့်ကြည့်ရေးစင်တာတွင်ထားရှိပြီး လိုအပ်သည့်အစီအမံများ ဆောင်ရွက်ပေးလျက်ရှိသည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများကို နပ်စပ်စစ်ဆေးရေး ဂိတ်အမှတ် ၂ ၌ ဆက်လက် လက်ခံဆောင်ရွက်လျက်ရှိပြီး ဝင်ရောက်သူဦးရေမှာ သိသိသာသာ လျော့ နည်းသွားပြီဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ် (ပြန်/ဆက်)


