မူဆယ် ၁၅ မေ 

တရုတ်နိုင်ငံ ရွှေလီမြို့မှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မူဆယ်ဒေသရှိ တာဝန်ရှိသူများ ပူးပေါင်း၍ မေလဒုတိယပတ်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့နေသည့် ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး တိုးတက်စေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေး ဖွံ့ဖြိုးစေရေးကိစ္စရပ်များ စသည့်အကြောင်း အရာများအား ညှိနှိုင်းဆွေးနွေးခဲ့ရာ ယနေ့တွင် အဆိုပါ အကြောင်းအရာကိစ္စရပ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

30048

 

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ တယ်ဟုန်တိုင်းအစိုးရ၏ တောင်းဆိုမှုအရ ရွှေလီမြို့အစိုးရမှ မြန်မာဘက်တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုယူပြီး ပူးတွဲဆောင်ရွက်လိုကြောင်း ရွှေလီကျယ်ဂေါင် ဂိတ်(၃)ခု ပိတ်ချိန်အား ပြန်လည်ပြင်ဆင်လိုက်ကြောင်း သိရသည်။

 

3153

 

တရုတ်-မြန်မာနယ်စပ် ရွှေနန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်ပိတ်ချိန်အား ယခင် တရုတ်စံတော်ချိန် ၂၄းဝ၀ နာရီအား ၂၁း၃၀ နာရီသိ်ု့လည်းကောင်း၊ ကုန်တင်ယာဉ်များ ပိတ်ချိန် ယခင် ၂၁း၃၀ နာရီကို ၂၃း၃၀ နာရီသို့ ပြောင်းလဲခဲ့ကြောင်း သိရသည်။

ယင်းနောက် မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များအား ဝမ်တိန်ဂိတ်မှဝင်ရောက်ပြီး ကုန်မဲ့ယာဉ်(ခါလီ) ရွှေလီမြို့ မိုင်ပေါင်း ၃၂၀ မှတစ်ဆင့် ကျယ်ဂေါင်မြို့တွင်းသာ ကုန်ပစ္စည်းတင်နိုင်ကြောင်း၊ လိမင်ဈေးမှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာနိုင်ကြောင်း၊ မြန်မာဘက်မှ ကုန်တင်ယာဉ် အာမခံ ပြုလုပ်ထားရန်၊ အာမခံငွေကြေးအတွက် ယာဉ်တစ်စီးလျှင် တရုတ်ယွမ်ငွေ ၃၅ ယွမ် ပေးဆောင်ရမည်ဖြစ်ကြောင်း လိမင်ဈေး၌ ယာဉ်ရပ်နားခအနေဖြင့် တရုတ်ယွမ်ငွေ ၂၀ ယွမ် ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာဘက်မှ မော်တော်ယာဉ်များ တရုတ်နိုင်ငံအတွင်း မောင်းနှင်ပြီဆိုပါက တရုတ်နိုင်ငံ၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင် (မူဆယ်)