ရှန်ဟိုင်း ဇူလိုင် ၁၉
အဲကမ္ဘောဒီးယားသည် တရုတ် နိုင်ငံထုတ် C909 ဒေသတွင်းသုံး ဂျက်လေယာဉ် အစင်း ၂၀ မှာယူရန် တရုတ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ COMAC နှင့် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။
သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ပြီး အဲကမ္ဘောဒီးယားသည် C909 လေယာဉ်များကို အများဆုံးမှာယူသည့် နိုင်ငံခြားလေကြောင်းလိုင်းဖြစ်လာကြောင်း COMAC က ပြောသည်။
ပထမအသုတ် လေယာဉ်များကို ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပြီး ယင်းလေယာဉ်များသည် အဲကမ္ဘောဒီးယား၏ လေကြောင်းခရီးစဉ်ကွန်ရက် တိုးချဲ့ရေးနှင့် သယ်ယူပို့ဆောင်နိုင်စွမ်းမြှင့်တင်ရေးတို့ကို အထောက်အကူပြုမည်ဟု မျှော်မှန်းထားသည်။
ထို့ပြင် ကမ္ဘောဒီးယားနှင့် ဒေသတွင်းဈေးကွက်များအကြား ချိတ်ဆက်ပျံသန်းမှုကိုလည်း ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


