ရှန်ဟိုင်း ဇူလိုင် ၁၉

အဲကမ္ဘောဒီးယားသည် တရုတ် နိုင်ငံထုတ် C909 ဒေသတွင်းသုံး ဂျက်လေယာဉ် အစင်း ၂၀ မှာယူရန် တရုတ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ   COMAC  နှင့် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း   ကုမ္ပဏီက ထုတ်ပြန်သည်။

သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ပြီး အဲကမ္ဘောဒီးယားသည် C909 လေယာဉ်များကို အများဆုံးမှာယူသည့် နိုင်ငံခြားလေကြောင်းလိုင်းဖြစ်လာကြောင်း COMAC ကပြောသည်။

ပထမအသုတ် လေယာဉ်များကို ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပြီး   ယင်းလေယာဉ်များသည် အဲကမ္ဘောဒီးယား၏ လေကြောင်းခရီးစဉ်ကွန်ရက် တိုးချဲ့ရေးနှင့် သယ်ယူပို့ဆောင်နိုင်စွမ်းမြှင့်တင်ရေးတို့ကို အထောက်အကူပြုမည်ဟု မျှော်မှန်းထားသည်။

ထို့ပြင် ကမ္ဘောဒီးယားနှင့် ဒေသတွင်းဈေးကွက်များအကြား   ချိတ်ဆက်ပျံသန်းမှုကိုလည်း ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ