မေ ၁၉
တရုတ်နိုင်ငံတောင်ပိုင်း ဂန်ချီဇောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဂျင်ချီမြိုတွင် ယနေ့မနက်စောပိုင်းက ယာဉ်မတော်တဆမှုကြောင့် ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။
အဆိုပါယာဉ်မတော်တဆမှုသည် စင်မီကျေးရွာတွင် မနက် ၆ နာရီ ၃၀ မိနစ်ခန့်က လမ်းမပေါ်ရှိ ချောက်ကမ်းပါးစွန်းမှ ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုမော်တော်ယာဉ်သည် လူပေါင်း ၁၄ ဦးကို တင်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် သုံးဦးမှာထိုမတော်တဆမှုမှ လွတ်မြောက်သွားကြောင်း ဂျင်ချီအစိုးရထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ယာဉ်မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု ကနဦးသတင်းအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို