နေပြည်တော် ၁၆ မေ
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ အစိုးရအသုံးစရိတ်များ၊ သုံးစွဲမှုပုံစံများကို လေ့လာစမ်းစစ်လျက်ရှိရာ တတိယအကြိမ်အစိုးရအသုံးစရိတ်ပြန်လည်သုံးသပ်မှုဆိုင်ရာ အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) ၌ကျင်းပ သည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဦးဆက်အောင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးများ၊ ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီများမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်၊ Renaissance Institute နှင့် အစိုးရအသုံးစရိတ် ပြန်လည်သုံးသပ်မှုအတွက် ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များတက်ရောက်သည်။
အစည်းအဝေးတွင်ကမ္ဘာ့ဘဏ်မစ်ရှင်အဖွဲ့မှ တတိယအကြိမ်အစိုးရအသုံးစရိတ်ပြန်လည် သုံးသပ်မှုဆိုင်ရာ တွေ့ရှိချက်များအား တင်ပြရာတွင် MSDP ၏မဏ္ဍိုင် (၁)၊ပန်းတိုင် (၁)၊ (၂) တို့နှင့်ချိတ်ဆက်၍ဆောင်ရွက်လျက်ရှိပါကြောင်း၊ရန်ကုန်၊မန္တလေးနှင့်ရှမ်းပြည်နယ်တို့၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊တိုင်းဒေသကြီး/ ပြည်နယ်အစိုးရသို့ပြည်ထောင်စုမှ ဘဏ္ဍာငွေလွှဲပြောင်း ပေးမှုများနှင့်၎င်းတို့၏ ကိုယ်ပိုင်ဘဏ္ဍာငွေကောက်ခံရရှိမှုအခြေအနေများ၊ အသုံးစရိတ်အခြေ အနေများ၊ ပြည်ထောင်စု၏အသုံးစရိတ်အခြေအနေများနှင့်တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုငွေဖြည့်ဆည်းခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များ၊ ရင်ဆိုင်နေရသည့်အခက်အခဲများ၊ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူ များမှ လိုအပ်သည်များကိုအကြံပြုဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)