ပုသိမ်  မေ. ၂၂

ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူအတွက် တတိယတစ်နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ဧရာရွှေဝါ ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင်အမှာစကားပြောကြားရာတွင် တတိယတစ်နှစ်တာ ကာလအတွင်း ပြည်သူအတွက် တိုင်းဒေသကြီး၌ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ဖွံဖြိုး တိုးတက်ရန်ဆာင်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် သတင်းဌာနများမှ သတင်းထောက်များက သိလိုသည်များကို မေးမြန်းခဲ့ကြရာ ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

 

mdn

 

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်ရှိ သတင်းစာ၊ ဂျာနယ်၊ ရုပ်/သံ၊ အသံ သတင်းဌာန ၁၁ ခုများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်မြင့် (ပြန်/ဆက်)