တီးတိန် ၇ ဇွန်              

 

ချင်းပြည်နယ် တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာတွင် United Nation Office Project Services (UNOPS)နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်  ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းခွင့်ပြုရန်ပုံငွေ ၅၀၃၈၆၅၂၀ ကျပ်ဖြင့်  ကျေးရွာမီးလင်းရေး ရေအားလျှပ်စစ်လုပ်ငန်း ဆောင်ရွက်ခြင်းပြီးစီးမှု အခြေအနေကို ဇွန် ၆ ရက် မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝုန့်ပြင်းထန်နှင့် တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းစစ်ဆေးကြသည်။

 

တုန်းဇန်ကျေးရွာတွင် ယခင်က ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာမီးလင်းရေး ရေအားလျှပ်စစ်မှာ ဟောင်းနွမ်းပျက်စီးနေပြီး မီးအားအပြည့်အဝထုတ်လုပ်နိုင်မှု မရှိသည့်အပြင် အိမ်ခြေ လူဦးရေများပြားလာ၍ လုံလောက်မှုမရှိတော့ကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)