နေပြည်တော်၊ စက်တင်ဘာ ၁

 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်တူယှဉ် နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ ()ရက်မှ စတင်ပြီး အပတ်စဉ် သောကြာနေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၃၀) ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရား မျိုးနိုင် နှင့်  တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူ များအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည် ။

 

ယင်းပြိုင်ပွဲသို့ နေပြည်တော် ၊တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်()ဦးစီဖြင့် စုစုပေါင်း(၄၅)ဦး ပါဝင်ယှဉ်ပြိုင်လျှက်ရှိရာ ပြိုင်ပွဲ၏ ပွဲစဉ်(၃) ပထမဆင့် (Level -1) အုပ်စု()ပွဲစဉ်ကို စက်တင်ဘာ(၁၆)ရက်နေ့၊ သောကြာနေ့ညတွင် ယှဉ်ပြိုင်ကြ မည်ဖြစ်ရာ ကချင်ပြည်နယ်မှ ထင်‌ဗေးအောင်၊ ရခိုင်ပြည်နယ်မှ ပန်းအိနွယ်၊ ပဲခူးတိုင်းဒေသကြီးမှ မြတ်ကေခိုင်၊ ချင်းပြည်နယ်မှ မြင့်မြတ်သူ၊ မွန်ပြည်နယ်မှ အေးသက်ထားဇော်၊ မန္တလေးတိုင်း ဒေသကြီးမှ သုနှင်းစံ၊ မကွေးတိုင်းဒေသကြီးမှ မြတ်နိုးစံ၊ ရှမ်းပြည်နယ်မှ အိုင်းစံနှင့် ရန်ကုန်တိုင်း ဒေသကြီးမှ ထွန်းပပအောင်၊ စုစုပေါင်းပြိုင်ပွဲဝင် ()ဦးတို့၏ ပြဋ္ဌာန်းတေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည()နာရီ သတင်းများအပြီးတွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်သွား မည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို စက်တင်ဘာ (၁၈) ရက် တနင်္ဂနွေ၊ နံနက် (၁၀) နာရီခန့်တွင် ပြန်လည်ပြသမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)