၁၇ ဩဂုတ်
နိုင်ငံတစ်နိုင်ငံတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အသေလုပ်ထားခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံ၏လိုအပ်ချက်အရ ပြောင်း၍ရပါကြောင်း၊ ပြောင်းလဲမည်ဆိုပါက အဘက်ဘက်ကို သုံးသပ်ရပါကြောင်း၊ စီးပွားရေးအရပြောရလျှင် Business Confidence ယုံကြည်မှု ရှိရန် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ရပါကြောင်း၊ စီးပွားရေးလုပ်ရန် သင့်တော်သည့်၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်ရန် လိုပါကြောင်း၊ ဥပဒေနှင့် ဆက်စပ်ပြောရလျှင် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတိုင်းအတွက် အရေးကြီးပါကြောင်း၊ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးကို အင်မတန်မှ အလေးထားပါကြောင်း၊ တရားဥပဒေစိုးမိုးရေးရှိမှ နိုင်ငံတစ်နိုင်ငံက တည်ငြိမ်မည် ဖြစ်ပါကြောင်း။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇-၇-၂၀၂၀ ရက်နေ့တွင် COVD-19 နှင့် သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးသတင်းမှ ကောက်နုတ်ချက်)