နေပြည်တော်၊ ဩဂုတ် ၂၃

 

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲစာအုပ်များ ပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ပြဋ္ဌာန်းခဲ့သော ဥပဒေများကို ဘာသာပြန်ဆို၍ နှစ်အလိုက် Myanmar Laws စာအုပ်များ ထုတ်ဝေလျက်ခဲ့ပြီး ယခုအခါ Myanmar Laws (2019)စာအုပ်ကို ထုတ်ဝေပြီး ဖြစ်ပါသည်။

 

Myanmar Laws (2019)  စာအုပ်သည် ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော ဥပဒေများကို စုစည်းဘာသာပြန်ဆို၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုထားသော ဥပဒေပေါင်း ၄၀ ခုပါဝင်ပါသည်။

 

အဆိုပါ Myanmar Laws (2019) စာအုပ်သည် တရားဝင် ရည်ညွှန်းကိုးကားနိုင်သည့် စာအုပ်ဖြစ်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများအတွက် လိုအပ်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည့်အပြင် စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်