နေပြည်တော် ဇွန် ၁၁

 

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော် သွားနှင့် ခံတွင်းရောဂါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင် ဦးဆောင်သော သွားနှင့် ခံတွင်းဆေးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၂၅) ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား သွားနှင့် ခံတွင်း ဆေးဝါးကုသမှု ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးနေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးတို့က လိုက်လံကြည့်ရှုကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က သွားနှင့် ခံတွင်းရောဂါ အထူးကုဆေးရုံကြီးအတွက် အလှူငွေများ ပေးအပ်သည်။

 

တက်ရောက်

ထို့ပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေးဥပဒေများနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေဆိုင်ရာ ညှိနှိုင်း အစည်းအဝေးဒုတိယနေ့ကို  ကျင်းပပြီး မြို့တော်စည်ပင်သာယာရေးဥပဒေများနှင့်စပ်လျဉ်း၍ ပုံစံတူများ ပြဋ္ဌာန်းနိုင်ရန် ဆက်လက်ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်