နေပြည်တော် ၈ မေ

 


ဥရောပနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။

 

weef

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးဝင်းခိုင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊  လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဥရောပသမဂ္ဂ အမျိုးသားသီချင်းတို့ကို ဖွင့်လှစ်ပြီး အလေးပြုကြသည်။

 


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt တို့သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှသံရုံး အကြီးအကဲများနှင့်အတူ ဥရောပနေ့အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြသည်။

 

iuduyyu

 


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဥရောပသမဂ္ဂ သံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။ 

 


(သတင်းစဉ်)