ဥတ္တရသီရိ ဇန်နဝါရီ ၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ဥတ္တရသီရိမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကောင်းဆက်နိုင်က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ရာ ပြိုင်ပွဲများအလိုက် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု နန်ချွန်ကျေးရွာတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ကျင်းပရာ ပထမဆုရရှိသော စည်သာအေးကျေးရွာအသင်းကို ငွေသားဆုနှင့် ဒိုင်းဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


