နေပြည်တော် ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာထယ်ထိုးမြေမြှုပ်ခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့က တောင်ညိုကျေးရွာအုပ်စု မရမ်းခုံကျေးရွာ တောင်သူ ဦးမြင့်သိန်း၏ လယ်မြေ၌ ပြုလုပ်သည်။
ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်နိုင်ဝင်းနှင့် တာဝန်ရှိသူများက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းနည်းစနစ်များကို တောင်သူများအား ရှင်းလင်းပြောကြားသည်။
အောင်မျိုးဝင်း(ဥတ္တရ)


