နေပြည်တော် စက်တင်ဘာ ၁၅
ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၁၆)ကို စက်တင်ဘာ ၁၇ ရက်(သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် ဂီတချစ်သူများ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ထက်မြက်စိုး၊ ရဲထိုက်၊ သွန်းရွှေလျှံ ၊ ထက်အာကာကျော်၊ အံ့ကျူးမောင်၊ ရဲရင့်ဝေလွင်၊ မေထူးကျော်၊ ဟန်တီ၊ စုလှိုင်မျိုးသိန်းနှင့် ဝင့်နဒီထက် တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


