နေပြည်တော် စက်တင်ဘာ ၁၅

 

ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၁၆)ကို စက်တင်ဘာ ၁၇ ရက်(သောကြာနေ့)  ည ၈ နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

အဆိုပါအစီအစဉ်တွင်  ဂီတချစ်သူများ  တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ထက်မြက်စိုး၊ ရဲထိုက်၊ သွန်းရွှေလျှံ ၊ ထက်အာကာကျော်၊ အံ့ကျူးမောင်၊ ရဲရင့်ဝေလွင်၊ မေထူးကျော်၊ ဟန်တီ၊ စုလှိုင်မျိုးသိန်းနှင့် ဝင့်နဒီထက် တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)