သန်လျင်        ဇူလိုင်        ၁၂

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်မြတ်ကြီးတွင် ဇူလိုင် ၁၂ ရက် ဝါဆိုလပြည့်နေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများက စေတီတော်ရင်ပြင်ရှိ အာရုံခံတန်ဆောင်းလေးသွယ်တို့တွင် ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းသူများ၊ တရားဘာဝနာ အားထုတ်သူများဖြင့် စည်ကားလျက်ရှိ သည်။

 

အလားတူ သန်လျင်မြို့နယ်ရှိ ကျိုက်ဗောဓိစေတီတော်၊ ကျိုက်ဒေးယျုံစေတီတော်နှင့် ရပ်ကွက် ကျေးရွာများရှိ ဘုရားများ၊ ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသူများ၊ ဥပုသ်သီတင်းဆောက်တည်သူများနှင့် စည်ကား လျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)