ဘိုကလေး ၁၆ ဇူလိုင် 


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စင်္ကြာ စေတီတော်နှင့် လောကချမ်းသာ နဂါးရုံဘုရားတို့တွင် ယနေ့ နံနက်ပိုင်း၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

1

 


ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့သည်  ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သောကြောင့် ရန်ပြေမာန်ပြေ အောင်စင်္ကြာ စေတီတော်နှင့် လောကချမ်းသာ နဂါးရုံဘုရားတို့တွင် ဘုရားဖူးလာရောက်ကြသူများ၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ကြသူများ၊ ပဌာန်းရွတ်ဖတ်ပူဇော်ကြသူများ၊ လိပ်စာ၊ ငါးစာကျွေးသူများဖြင့် အထူးပင်စည်ကား လျက်ရှိကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)