ဘိုကလေး ၁၆ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စင်္ကြာ စေတီတော်နှင့် လောကချမ်းသာ နဂါးရုံဘုရားတို့တွင် ယနေ့ နံနက်ပိုင်း၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့သည် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သောကြောင့် ရန်ပြေမာန်ပြေ အောင်စင်္ကြာ စေတီတော်နှင့် လောကချမ်းသာ နဂါးရုံဘုရားတို့တွင် ဘုရားဖူးလာရောက်ကြသူများ၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ကြသူများ၊ ပဌာန်းရွတ်ဖတ်ပူဇော်ကြသူများ၊ လိပ်စာ၊ ငါးစာကျွေးသူများဖြင့် အထူးပင်စည်ကား လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)


