စစ်ကိုင်း ဇူလိုင် ၁၂
ဝါဆိုလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရာများအနက် ကောင်းမှုတော်မြတ်စွာဘုရား တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒိသာကျွေးမွေး သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့က ကျောက်ပန်းတောင်းမြို့ကနေ စစ်ကိုင်းမှာရှိတဲ့ ဘုရားတွေကို လာရောက်ဖူးမြော်တာပါ၊ ဘုရားဖူးချင်နေတာကြာပါပြီ၊ အခုတော့ မိသားစုတွေရဲဆန္ဒတွေ ပြည့်ဝသွားပါပြီ၊ ဆွမ်းဦးပုညရှင် ဘုရားကြီးကိုလည်း သွားရောက်ဖူးမြော်ဦးမှာပါ"ဟု ဘုရားဖူးလာသူ ဒေါ်နွယ်နီက ပြောပြသည်။
အလားတူ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်ဘုရား၊ ဥမင်သုံးဆယ် ဘုရားကြီးများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးသူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)